သတင်းများ

ခိုလမ်မြို့ ဝမ်စိမ်းကျေးရွာ တိုက်နယ်ဆေးရုံတွင် ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ ကွင်းဆင်းဆောင်ရွက်
May 20,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ခိုလမ်မြို့၊ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေမွန် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ ရောဂါဝေဒနာများအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ ဝမ်စိမ်းကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက်(၇)မှ ပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း
May 20,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လားရှိုးမြို့နယ် ရပ်ကွက် ၇ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမကဏ္ဍမှ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နွေစပါးစိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ ပြည်သူများအား မျက်စိကျန်းမာရေး (အခမဲ့)ကုသဆောင်ရွက်ပေး
May 20,2026
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ပြည်သူများအား မျက်စိကျန်းမာရေးနှင့် မျက်စိအတွင်းတိမ်ရောဂါ (အခမဲ့)စစ်ဆေးကုသခြင်းကို ချောက်မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာဆောင်းမို့မို့ဝင်း အဖွဲ့ခေါင်းဆောင် မျက်စိခွဲစိတ်အထူးကုဆရာဝန် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဒေသကြီး(၁)နှင့် ဝန်ထမ်းများက ယမန်‌နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကြီးနီစံပြကျေးရွာရှိ ပြည်သူများအား ချောက်မြို့နယ် ပြည်သူ့ဆေးရုံအထူးကု ပြင်ပလူနာဌာန၌ မျက်စိကျန်းမာရေး စစ်‌ဆေးကုသဆောင်ရွက်ပေးခဲ့သည်။
တွံတေးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
May 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု(ခ) အဖွင့်ပွဲစဉ်အား ကြည့်ရှုအားပေး
May 20,2026
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ အားကစားဥယျာဉ်၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) အဖွင့်ပွဲစဉ်အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဟုမ္မလင်းမြို့၊ ကက်သာစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်
May 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ကာလအတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးအသိပညာပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက် ထိုးနှံ​​ပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ်၌ အသားနှင့်ဥကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
May 20,2026
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အဖြစ်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ အသားနှင့်ဥကဏ္ဍဖွံ့ဖြိုးရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ညပိုင်းက လွိုင်လင်-ပင်လုံရှိ ကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။