သတင်းများ

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများအား တွေ့ဆုံချပြရှင်းလင်းပွဲပြုလုပ်
May 20,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မေ ၉ ရက်နေ့တွင် ပူတာအိုမြို့၌ ဂျိမ်းဖောနှင့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလည်းကောင်း၊ မချမ်းဘောမြို့၌ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံချပြရှင်းလင်းပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးမြို့၌ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
May 20,2026
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် မင်းဘူးခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မေ ၁၉ ရက် နံနက်ပိုင်းက မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး
May 20,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံး၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦး‌ ဇော်နိုင်ဦးနှင့်တာဝန်ရှိသူများက မေ (၁၉) ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြသည်။
ကျုံပျော်မြို့နယ်၌ အခြေခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
May 20,2026
ပြည်သူများ ကျန်းမာရေးကောင်းမွန်ပြီး အနာရောဂါ ကင်းဝေးစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကာ အခြေခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့သည်။
ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲနှင့် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်
May 20,2026
ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် မိုးညှင်းခရိုင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲနှင့် အောင်သပြေရပ်ကွက် မြို့တော်ခန်းမတွင်ပြုလုပ်သည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲကို မေ (၁၉) ရက် နံနက် (၁၀) နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဆင်းပွဲကျင်းပ
May 20,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အနေဖြင့် မြို့နယ်သမဝါယမအသင်းစုနှင့်ပူးပေါင်းကာ မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် မီးသတ်ဆေးဘူးထားရှိမှုစစ်ဆေး
May 20,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဌာနဆိုင်ရာရုံးများတွင် မီးချိတ် မီးကတ်နှင့် မီးသတ်ဆေးဘူးများထားရှိမှုအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခွဲ)ရန်ကုန်မှ ရက် ၁၀၀ စီမံချက်အရ ရေသန့်စက်ရုံ ၅ ရုံအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်
May 20,2026
မင်္ဂလာဒုံမြို့နယ်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ခွဲ)ရန်ကုန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်-ကျန်းမာ၊ မြို့နယ်ထွေထွေအုပ်ချုပ်‌ရေး‌ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် ၁၀၀ စီမံချက်အရ ရေသန့်စက်ရုံ ၅ ရုံအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ရှောင်တခင်ဝင်ရောက်စစ်ဆေး ဆောင်ရွက်သည်။