သတင်းများ

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ဈေးကွက်‌စောင့်ကြည့်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တောင်ဘက်ပိုင်းရပ်ကွက် '99'စားသောက်ဆိုင်အား မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တံတားမြို့တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တံတားမြို့ရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မေလ ၂၃ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က တံတားမြို့ရုံး၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
May 25,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club)အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်စိတ်ပညာရေးသားသည့် “‌ တောသားလေးတစ်ယောက်”စာအုပ်ဖြင့် ယနေ့မွန်းလွဲ (၁) နာရီအချိန်က  စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်၌သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဆင်းပွဲပြုလုပ်
May 25,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၃ ရက်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လသာမြို့နယ်၌ လမ်း​ဘေးတွင် အစား​သောက်​ရောင်းချသည့် ​စျေးသည်များ ကျန်းမာ​ရေးနှင့်ညီညွတ်စွာရောင်းချ​ခြင်း ရှိ၊ မရှိ စစ်​ဆေး
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်ပြည်သူ့​ဆေးရုံကြီးအ​ရှေ့ဘက်တွင် လမ်းဘေးအစားအသောက်ရောင်းချသည့်​စျေးသည်များ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်း ရှိ၊ မရှိ မေလ ၂၃ ရက်နေ့ နံနက်(၁၀)အချိန်က ကွင်းဆင်းစစ်​ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြော
May 25,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရှိစေရေးနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(လည်ပေါ်)၌ ကျင်းပသည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Basic Grammar သင်တန်းဆင်းပွဲ ကျင်းပ
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ ဗလငါးငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍မေလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။
လသာမြို့နယ် အမှတ်(၆)ရပ်ကွက်တွင် ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေး ထိုးနှံ​ပေး
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို အမှတ်(၆)ရပ်ကွက်တွင် မေလ ၂၃ ရက်နေ့ နံနက် (၉)နာရီအချိန်က ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။