သထုံမြို့နယ်တွင် ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

သထုံ မေ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နောင်ကုလားကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။

အသိပညာပေး ဟောပြောရာတွင် သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်လွင်နှင့် သထုံမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုတိယရဲမှူး တင့်လွင်တို့က မှုခင်းဖြစ်စဉ်များ လျော့နည်း ကျဆင်းပြီး ပြည်သူလူထုများ လုံခြုံအေးချမ်းစွာ နေထိုင်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများကို ဖော်ထုတ်အရေးယူနိုင်ရေး စသည်တို့ကို အသိပညာပေးဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နောင်ကုလားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)