ရပ်စောက်မြို့နယ် မိုးစပါး မျိုးနှင့် သွင်းအားစု ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရပ်စောက် မေ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့၊ ပင်ဖြစ်ကျေးရွာရှိ ရောင်ခြည်ဦး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအား ရက် (၁၀၀) စီမံချက်ဖြင့်မိုးစပါး စိုက်ပျိုးသောအသင်းသား(၃၆)ဦး၏ (၂၉၆)ဧကအတွက်  ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ သွင်းအားစုပံ့ပိုးငွေဖြင့် (၁)ဧကလျှင် (၂.၅)သိန်းကျပ်နှုန်းဖြင့် ကျပ်(၇၂၄.၅)သိန်းနှင့် ညီမျှသော စပါးမျိုး၊ သွင်းအားစုများနှင့် ရပ်စောက်မြို့နယ် သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေဩဇာများအား ရောင်ခြည်ဦး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများသို့ ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ​ ဒေါ်ဇင်မာဝင့်နှင့်  မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးစိုက်ပျိုးရာ၌ တောင်သူများ မျိုးနှင့်သွင်းအားစုအခက်အခဲမရှိစေရေး စပါးမျိုးနှင့် သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်၍ ထွက်ရှိလာသော စပါးသီးနှံများအား ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် စျေးကောင်းရရှိအောင် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မြို့နယ် (ပြန်/ဆက်)