သတင်းများ

သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
May 20,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ပြည်သူ့အကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်ကြိုဆိုဂုဏ်ပြုပွဲကျင်းပ
May 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာခေတ် (Grade-9) ကျောင်းသား မောင်အောင်ဘုန်းမြတ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (Grade-9) ကျောင်းသူ နော်သက် ဆုရှင်၊ ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-10) ကျောင်းသူ မယွန်းသံစဉ်ချို၊ ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-11) ကျောင်းသား သုံးထပ်ကွမ်းလူရည်ချွန် မောင်ဝေယံကျော်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (Grade-11) ကျောင်းသူ သုံးထပ်ကွမ်းလူရည်ချွန် မသော်တာစန်းနှင့် ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်း (Grade-12) ကျောင်းသား သုံးထပ်ကွမ်းလူရည်ချွန် မောင်စောမောဖိုးတို့အား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ကျုံပျော်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်
May 20,2026
တောင်သူများ စိုက်ပျိုးစရိတ် သက်သာစေရန်အတွက် အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက် မြေရဲတောင်အုပ်စု တောင်သူ ဦးကျော်မြင့်ဦး၏ လယ်ယာမြေ ၈ ဧက၌ ယမန်နေ့နံနက်က ဆောင်ရွက်သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
May 20,2026
၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ကော့‌သောင်းမြို့နယ်အတွင်းရှိ အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မဥ္ဇူသကခန်းမ၌ ကျင်းပသည်။
တာချီလိတ်မြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
May 20,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် အဖွဲ့သစ် ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်စာရေး ဆရာအသင်းရုံး၌ ကျင်းပသည်။
တပ်ကုန်းမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းဆောင်ရွက်
May 20,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းကို မေလ (၁၈) ရက်နေ့ နံနက်ပိုင်းက ရှောက်ကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေး လှည့်လည်ရောင်းချပေး
May 20,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် စားသောက်ကုန်များအား ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် ယမန်နေ့က နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ နွေစပါးများ အချိန်မီရိတ်သိမ်းရေးနှင့် မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး တွေ့ဆုံပွဲကျင်းပ
May 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေစပါးများ အချိန်မီရိတ်သိမ်းပြီးစီးရေးနှင့် မိုးစပါးများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဥတိုကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။