သတင်းများ

မိုးမောက်၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၂) မွမ်းမံသင်တန်း ဆင်းပွဲကျင်းပ
Aug 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့် (၂) အား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီ၌ ပြည်သူ့ဆေးရုံသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြင်စလူမြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် သံချဆေး တိုက်ကျွေး
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြင်စလူမြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ စတင်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ရေမြောင်းများအတွင်း အမှိုက် များပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက်(၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မိုင်းဆတ်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၇)နာရီ က မြို့မယာယီပျံကျဈေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ဝါတွင်းကာလဆွမ်းလောင်းပွဲများကို ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များကြောင့် စုပေါင်းလောင်းလှူခြင်းမပြုဘဲ ဆွမ်းပေါင်းလောင်းလှူခြင်းသာ ဆောင်ရွက်
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတာင်းမြို့နယ်တွင် ဝါတွင်းကာလ ဓမ္မာရုံဆွမ်းလောင်းပွဲများကို ဥပုသ်သီတင်းပတ်တိုင်း စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်လျက် ရှိသော်လည်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာကန့်သတ်ချက်များကြောင့် လူစုလူဝေးဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ မြို့နယ်သံဃနာယက ဆရာတော်ကြီး များ၏ ဩဝါဒဖြင့် ဆွမ်းပေါင်းပွဲများအဖြစ်သာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖားကန့်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ ရေနစ်မြုပ်
Aug 11,2020
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဥရုချောင်းအထက်ပိုင်း ကံဆီး၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ဥရုချောင်းရေ ၈ ပေခန့် မြှင့်တက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ချောင်းရေမြင့်တက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပြဌာန်းလိုက်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေဆိုင်ရာအချက်အလက်များ ပြည်သူများအား သိရှိလိုက် နာစေရန်အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့က ကုန်းခါးရပ်ကွက်၊ လမ်းဆုံပန်းခြံတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မလှိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 11,2020
မလှိုင်မြို့၌ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ( မိတ္ထီလာ) နှင့် လူမှုရေးအသင်းများပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။