သတင်းများ

အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 11,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြ‌သေးသည့် ပြည်သူများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနက ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့နံနက် ၉ နာရီ က ညောင်ကွဲရပ်ကွက်၊ ၁၁ လမ်း နှင့် ၈၉ လမ်းထိပ်၊ ရှင်အရဟံ ဘုရားအနီးရှိ ဝေဇယန္တာဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လေးရက်မြောက်အဖြစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်၌ ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးတိုက်ကျွေး
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်စျေးရပ်ကွက်၌ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းခန့်ရှိ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကပ်ထား ကြေညာထားရာ ဩဂုတ် ၁၀ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းခန့် ရှိပြီဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် တောင်သူ ဦးမြင့်သောင်း ထွန်းလယ်မြေ (၅) ဧက မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 11,2020
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များ ဖြစ်နိုင်ရေးအတွက် အသက် (၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်
Aug 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာများရှိ အိမ်ထောင်စုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြင်းခြံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ (၁၅၂၉)ရှိပြီး ဂုဏ်ထူးရရှိသူ(၃၁၈)ဦးရှိ
Aug 11,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ (၁၅၂၉)ဦး အောင်မြင်ပြီး ဂုဏ်ထူးရရှိသူ(၃၁၈)ဦးရှိကြောင်း သိရသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၅ ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၃၂)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၇၀)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၉၄)ဦး အပါအဝင် အောင်မြင်သူပေါင်း ၁၅၂၉ ဦး ရှိရာ ရာခိုင်နှုန်းအားဖြင့်၂၄.၇၃% အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။