ရန်ကုန် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလ အတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ရေစီး ရေလာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်း တာဝန်ခံအဖွဲ့မှ AE ဦးသန်းထွန်း တာဝန်ယူဆောင်ရွက်နေသည့် တောင်သူကုန်း ရပ်ကွက်၊ စောလေ့ကျင့်ကုန်းလမ်း (သာယာအေး(၂)လမ်းနှင့် အဏ္ဏဝါ(၁) လမ်းကြား) အုတ်မြောင်းပြုလုပ်ရန် မြေတူးဖော် နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှုကို ဦးစာပေး၍ အလေးထား ဆောင်ရွက် ကြရန် စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)