သတင်းများ

ကော့သောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား နံရံကပ်ပြဘုတ်တွင် ပြသ‌ဆောင်ရွက်
Aug 11,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား ရုံးရှေ့မြေစိုက်ဘုတ်နှင့် နံရံကပ်ပြဘုတ်များဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသဆောင်ရွက်လျက်ရှိသည်။
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းတတိယနှစ် စီမံကိန်းစက်ဝန်းလုပ်ငန်းများအား စတင် အကောင်အထည်ဖော် ဆောင်ရွက်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်းလုပ်ငန်းများကို ဩဂုတ်လ ဒုတိယပတ်တွင် စတင် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရ သည်။
ပင်လည်ဘူးမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စာချုပ်ချုပ်ဆိုပွဲနှင့် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) စာချုပ်ချုပ်ဆိုပွဲနှင့် ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ ကျေးရွာ (၈)ရွာအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျေးရွာ(၈)ရွာအား ရန်ပုံငွေ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံက် (၁၀:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်တွင် ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ၏ မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရေးအတွက် (၇)ရက်ထပ်မံတိုးမြှင့်၍ ကပ်ထား ကြေညာထားသည့်အပြင် မဲဆန္ဒရှင် စာရင်းများ သွားရောက်ကြည့်ရှု စစ်ဆေးပေးနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနိုးဆော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန် ကြေညာမှုအား မြို့နယ်ကော်မရှင်အဖွဲ့မှကွင်းဆင်းကြည့်ရှု
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင် ရန်ကင်း မြို့နယ်တွင် ရပ်ကွက်  ၁၅ ရပ်ကွက် ရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၅၀၀၀၀) ကျော် အထိရှိကြောင်း နှင့် ၂၀၂၀ ပြည့်နှစ်
မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၃၅၆၅ ဦးရှိပြီး ၁၂၂၀ ဦးအောင်မြင်
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၃၅၆၅ ဦးရှိပြီး ၁၂၂၀ ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကလေးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအား ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်လွှာတင်ပြ လျှောက်ထားသူ ၄၀၀၀ ကျော်ရှိ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များစာရင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု