ငါန်းဇွန် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ၏ မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ ပေး လျက်ရှိရာ မဲဆန္ဒရှင်ရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရေးအတွက် (၇)ရက်ထပ်မံတိုးမြှင့်၍ ကပ်ထား ကြေညာထားသည့် အပြင် မဲဆန္ဒရှင် စာရင်းများ သွားရောက်ကြည့်ရှု စစ်ဆေးပေးနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေနိုးဆော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ နိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးဝင်း၊ အတွင်းရေးမှူး ဦးမြင့်အောင်သိန်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ သည် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၊ ကားလမ်းဆုံများ၊ စည်ပင်သာယာမြို့မဈေးစသည့် လူစည်ကားရာ နေရာများ၌ မဲဆန္ဒရှင်စာရင်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပေးနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား" အသိပညာပေးလက်ကမ်း စာစောင် များ ဖြန့်ဝေခြင်းနှင့် ပိုစတာများကပ်၍ မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရန် နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)