သတင်းများ

နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ချေးငွေကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှတစ်ဆင့် ချေးငွေလျှောက်ထားသူ (၆၄၈) ဦးရှိ
Aug 11,2020
ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသောစီးပွားရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ COVID-19 Fund ချေးငွေအဖြစ် ငွေကျပ်ဘီလီယံ (၁၀၀) ကို ဒုတိယအကြိမ်မြောက် ထုတ်ချေးသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှတစ်ဆင့် ချေးငွေ လျှောက်ထားသူ (၆၄၈) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုဝင်များက စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း
Aug 11,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုဝင်များက စုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့က မြို့မဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆောင်ရွက်
Aug 11,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာသည် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားသော စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည့်သူစာကြည့်တိုက်၌ ပြုလုပ်ရာ Book Club Youth Club များက ပူးပေါင်း၍ စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်သည်။
ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် (Mask)များ အခမဲ့ဝေငှပေး
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း(Mask)များကို မြို့နယ်အမျိုး သမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ ယနေ့ နံနက်ပိုင်းက အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ၆/၂၀၂၀ ဖွင့်လှစ်
Aug 11,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများ တွင် တဖက်တလှမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရေးတို့အတွက် (မွမ်းမံ)သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ၆/၂၀၂၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Aug 11,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်ပြဘုတ်၌ ယမန်နေ့ညနေပိုင်းမှစ၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၅ လုံးအမိုးလန်ခြင်းနှင့် သစ်ပင်သစ်ကိုင်များ လဲကျမှုဖြစ်ပွား
Aug 11,2020
သထုံခရိုင် ပေါင်မြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဩဂုတ် ၁၀ ရက် ည ၁၀ နာရီခွဲခန့်က မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ နေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အဦအမိုးလန်ခြင်း၊ သစ်ပင်လဲကျခြင်းများ၊ ဓါတ်မီးတိုင်ကျိုးကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။