အုတ်ဖိုမြို့တွင် (၆)လမှ (၅)နှစ်အရွယ်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ.လ.က ချမ်းမြသာမြေတွင် အဟာရရက်သတ္တပတ် အဖြစ် (၆)လမှ (၅)နှစ်အရွယ် ကလေးငယ် များအား ဗီတာမင်အေ နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သက်သက်အေး ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုပေါင်းဆောင်ရွက်လျက်ရှိသည်။