သတင်းများ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် မော်လမြိုင်မြို့နယ်မှ ကျောင်းသား၊ သူ (၂၅၀၆)ဦး အောင်မြင်
Aug 11,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ကိုဗစ်- ၁၉ ကူးစက် ကပ်ရောဂါကြောင့် ဩဂုတ် ၉ ရက်နေ့က အွန်လိုင်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါအောင်စာရင်းတွင် မော်လမြိုင်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၅၀၆ ဦး အောင်မြင်ခဲ့သည်။
ပဲခူးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအတွက် ကိုဗစ်−၁၉ အကာအကွယ်ပစ္စည်းများ လှူဒါန်း
Aug 11,2020
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ဩဂုတ် ၁၁ရက် နံနက် ၈ နာရီက ပဲခူးမြို့ရှိ
ပုလောမြို့နယ်တွင် Grade-4 သင်ရိုးသစ် (ဒုတိယအကြိမ် ) မြို့နယ်အဆင့် သင်တန်းနောက်ဆုံးနေ့ ၌ ကိုဗစ်-၁၉ အသိပညာပေးဆွေးနွေး
Aug 11,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် (Grade-4) စတုတ္ထတန်း သင်ရိုးသစ် မြို့နယ်အဆင့် (ဒုတိယအကြိမ် ) သင်တန်း ကို သြဂုတ်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိရာ သင်တန်းနောက်ဆုံးနေ့ ယနေ့နံနက် (၁၀)နာရီက အမက(၇) ပုလောမြို့ ၌ ကိုဗစ်-၁၉ အသိပညာပေး ဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်း၌ တညင်းသီး အထွက်နည်းပြီး ဈေးပိုမိုရရှိ
Aug 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းမှ ရာသီပေါ်သီးနှံဖြစ်သော ဒေသခြံထွက် တညင်းသီးများသည် ယခုနှစ်တွင် အထွက်နည်းပြီး အထူးရောင်းအားကောင်းကာ ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ တန်းမြင့်ကျော်လမ်း လူတန်းစင်္ကြန်ပလက်ဖောင်း ပြုလုပ်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ တန်းမြင့်ကျော်လမ်း လူတန်းစင်္ကြန်ပလက်ဖောင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မှု(၆၀)ရာခိုင်နှုန်းပြီးစီး
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုဘတ်ဂျက်ဖြင့် Myanmar Link Us Co.,Ltd. မှ ၂၀၂၀ပြည့်နှစ် မေလ ၁ရက်နေ့တွင် စတင်ပြီး တာဝန်ယူဆောက်လုပ်ခဲ့ရာ ယခုအချိန်တွင်(၆၀)ရာခိုင်နှုန်းပြီးစီးနေပြီး ဖြစ်ကြောင်းသိရသည်။
မောက်မယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအား ပုံစံ(၃) ဖြင့် လာရောက်လျှောက်ထားသူ၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူနှင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ စုစုပေါင်း (၂၀၆၅)ဦးရှိ
Aug 11,2020
၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများ ရရှိရန်နှင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများကို မောက်မယ်မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံနေရာအသီးသီးတွင် ဇူလိုင်လ (၂၅) ရက်မှစ၍ ထုတ်ပြန်ကြေညာထားရာ ယမန်နေ့အထိ မဲစာရင်းကပ်ထား ကြေညာရာနေရာသို့ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်အတွက် လျှောက်ထား လျှက်ရှိသည်။
လှိုင်းဘွဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများအတွက် နိုင်ငံတော်မှပေးအပ်ချီးမြင့်ပေးအပ်သည့်နေ့တွက်စရိတ်များ ထုတ်ပေး
Aug 11,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအတွက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် နေ့တွက်စရိတ်ထုတ်ပေးခြင်းကို ယမန်နေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိသည်။