သတင်းများ

မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်
Aug 14,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ဩဂုတ်လ(၁၂)ရက်နေ့မှစတင်၍ မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်စစ်ဆေးကြောင်းသိရသည်။
ကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း နှင့် (VRFP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းနှင့် (VRFP) စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဒုတိယညွှန်မှူး (နည်းပညာ) ဒေါ်အိခင်ညို နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဖျာပုံ၌၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း (Grade-4)သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း (Grade-4)သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းကို ယမန်နေ့ နံနက်က ဖျာပုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့တွင် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာခြင်းအား သွားရောက်ကြည့်ရှုရန် လိုက်လံအသိပေးနှိုးဆော်
Aug 14,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို
ကွတ်ခိုင်မြို့ရှိ IDPs တိုက်ပွဲရှောင်စခန်းသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ် (၆)ရပ်ကွက်တွင်ရှိ IDPs တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် ပြည်သူကလေးငယ်(၆၀)ဦးအား ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခြင်း၊ ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းတို့ကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ရေကြည်မြို့နယ်တွင် CERP စီမံချက်အရ ဖွင့်လှစ်သော ဝက်မွေးမြူထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရေးအတွက် ဝက်မွေးမြူ ထုတ်လုပ်ခြင်း သင်တန်းကို ယ‌မန်နေ့နံနက် ၁၀ နာရီက ဆင်ကူးအနောက်ကျေးရွာ မူလတန်းကျောင်းတွင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် book trolley (စာအုပ်စင်)များ ချထားပေး
Aug 14,2020
မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် ချထားပေးသော book trolley (စာအုပ်စင်) များ ငါန်းဇွန်မြို့နယ် ပညာရေးမှူးရုံးသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်ကရောက်ရှိပြီး တာဝန်ရှိသူများက စိစစ်လက်ခံရရယူခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့တွင် နှာခေါင်းစည်း ( Mask) တပ်ဆင်ခြင်းမရှိသည့်လမ်းသွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် (၇) နာရီအချိန်က နှားခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့်လမ်းသွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။