ကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း နှင့် (VRFP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကလေး  ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းနှင့်  (VRFP) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်မှူး (နည်းပညာ) ဒေါ်အိခင်ညို နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ရှေးဦးစွာ Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖက်ယား ရေရှင်ကျေးရွာတွင် ရေဂါလံ ၅၀၀၀ဆန့် ရေလှောင်ကန်တည်ဆောက်ခြင်း၊ အားကစားကွင်းပြုပြင်ခြင်း၊ ရေပိုက်လိုင်းပြုပြင်ခြင်းတို့ကိုလည်းကောင်း၊ ကြံစက်ကုန်း ကျေးရွာ တွင် မြေသားရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ၊ တံတားသုံးစင်း ပြုပြင်ခြင်းလုပ်ငန်းတို့ကို လည်းကောင်း  နန်းဗဟိုရ် ကျေးရွာ တွင်  VRFP  စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို  တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်မှူး (နည်းပညာ)နှင့် အဖွဲ့များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးမှူး ဒေါ်ဉမ္မာရှိန်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး  ဦးငူလ်ဆွင်းခိုင်နှင့်တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လုပ်ငန်းများအားသတ်မှတ်သည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြကြောင်း သိရသည်။            

ထန်းဖုန်(ပြန်/ဆက်)