မကွေး ဩဂုတ် ၁၄
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း လွှာများကို ဩဂုတ်လ(၁၂)ရက်နေ့မှစတင်၍ မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်စစ်ဆေးကြောင်းသိရသည်။
မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လွှတ်တော်သုံးရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ (၁၁၉) ရှိပြီး ၊ပြည်သူလွတ်တော်အတွက် ကိုယ်စားလှယ် လောင်း(၃၀)ဦး၊ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း(၂၁)ဦး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(၃၄)ဦးနှင့် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၃၄)ဦးရှိကြောင်း သိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများစိစစ်ရာတွင် မကွေးခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမျိုး(ပြန်/ဆက်)