ဘုတ်ပြင်းမြို့တွင် နှာခေါင်းစည်း ( Mask) တပ်ဆင်ခြင်းမရှိသည့်လမ်းသွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်

ဘုတ်ပြင်း   ဩဂုတ်လ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် (၇) နာရီအချိန်က နှားခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲလမ်းသွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြို့မဈေးရှေ့နှင့် မြို့တွင်းရှိလမ်းဆုံများတွင် (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား ရှောင်တခင်စစ်ဆေးပြီး ဒဏ်ရိုက်ကာ ယင်းဒဏ်ငွေနှင့်ညီမျှသည့် (Mask) များဝယ်ယူတပ်စေခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားမှုအသွင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)