ဖျာပုံ၌၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း (Grade-4)သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်

ဖျာပုံ  သြဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း (Grade-4)သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းကို ယမန်နေ့ နံနက်က ဖျာပုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သင်ကြားမှု အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများမှ အရည်အသွေး ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပြုစုပျိုးထောင်နိုင်ရေး၊ ပထမဖွင့်လှစ်သည့် သင်တန်းတွင် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက် နိုင်သူများ၊ မီးဖွားခွင့်ခံစားခြင်းကြောင့် သင်တန်း မတက်ရောက်နိုင်သူများ၊ အသစ်ခန့်ထားသည့် PPTT/DTED သင်တန်းဆင်း ဆရာ၊ ဆရာမများကိုလည်း အရည်အသွေး ပြည့်ဝစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းသို့ ဖျာပုံ မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ဆရာ၊ ဆရာမ ( ၁၃၁) ဦး၊ ကြီးကြပ်သူ(၃)ဦး၊ နည်းပြ(၁၄)ဦးဖြင့် သင်တန်းအား (၁၃-၈-၂၀၂၀)ရက်နေ့မှ (၁၈-၈-၂၀၂၀)ရက်နေ့အထိ (၆)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အယ်မူးဂေး(ခရိုင်ပြန်/ဆက်)