လိပ်သို မေ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသနေပြည်သူများ စာပေဗဟုသုတ တိုးပွားစေရန် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများနှင့် ကျောင်းသားလူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချစေရန်၊ စာပေနှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာ သယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သည့် ပြည်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန်၊ အသစ်ထပ်မံရောက်ရှိသည့် စာအုပ်စာစောင်များ အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်စေရန်အတွက် သုတ/ရသစာအုပ်များ သယ်ဆောင်၍ မြို့ပေါ်/ ရပ်ကွက်များသို့ အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း