သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကလေး(တောင်)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(တောင်) ရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကန်တော်ကလေး( တောင်) ရပ်ကွက်၊ ထီးတန်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ဆီထွက်သီးနှံ ပန်းတိုင်ရရှိရေး (မိုးနေကြာ) စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြ
Sep 13,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးနေကြာပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲက အမှတ် (၄)ရပ်ကွက် ကွင်းအမှတ်(၉၁၃)ရှိ တောင်သူ ဦးကြီးညို၏ စိုက်ခင်း (၁.၅)ဧကတွင် ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ဒုတိယအကြိမ် အာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား    ဒုတိယအကြိမ် အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Sep 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၌ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၂ နာရီက မြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုအန္တရာယ်အကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord  ကြော်ငြာဆိုင်းဘုတ်စိုက်ထူ
Sep 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord  ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်းကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီက အမှတ်(၃)ရက်ကွက် လေယာဉ်ကွင်းလမ်း၊ မြို့တော်ခန်းမရှေ့တွင် တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြသည်။
ကျိုက်ထိုမြို့ အ.ထ.က(၁) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ပြုလုပ်
Sep 13,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျိုက်ထိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၅ - ၂၀၂၆ ကျောက်တန်းမြို့နယ်၌  အခွန်ဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့ ( မြို့မ) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာရပ်ကွက်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Sep 13,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ(၁၂)ရက်နေ့ ညနေ ၃နာရီခွဲက ပြည်တော်သာရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။