သတင်းများ

ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပ
Sep 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို စက်တင် ဘာ ၁၂ ရက် က (၂၅) ခုတင် ဆံ့တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၌ ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင် ဦးမင်းညို၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မှော်ဘီမြို့နယ်‌တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီက အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁) ရေပေါ်သဲ့အုပ်စု၊ လိပ်ချောင်းဘုန်းတော်ကြီးကျောင်းတိုက်၊ အဖွဲ့(၂) ရိုးကြီးအုပ်စု ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်၌လည်းကောင်း အဖွဲ့(၃)မှ လိပ္ပုတ်ကျေးရွာအုပ်စု ပြည်လုံးချမ်းသာကိုးနဝင်းဓမ္မာရုံတို့၌လည်းကောင်း တပြိုင်နက်တည်း ဆောင်ရွက်ကြကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 13,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်
Sep 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စက်တင်ဘာ  ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ် ကျေးလက်နေပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းဆောင်ရွက်
Sep 13,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ကျေးလက်နေပြည်သူများအား(အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လက်ယက်စမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြသည်။
ခရမ်းမြို့နယ် အ.မ.က(၆) မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က အ.မ.က(၆) မူလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၊ သီတာလမ်း၌ဆေးမှုတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 13,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၊သီတာလမ်း၌ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်၌ဆေးဖြန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ ကွမ်းခြံကုန်းမြို့နယ်၌ကျင်းပ
Sep 13,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာပေဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဂိမ်းကစားပြိုင်ပွဲများကို စက်တင်ဘာ ၁၃ ရက်နေ့ က ရန်ကုန်တိုင်း ဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အ-ထ-က (၁) ကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။