ငါန်းဇွန် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးနေကြာပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲက အမှတ် (၄)ရပ်ကွက် ကွင်းအမှတ်(၉၁၃)ရှိ တောင်သူ ဦးကြီးညို၏ စိုက်ခင်း (၁.၅)ဧကတွင် ကျင်းပခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက ဆီးထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်ရေး၊ သွင်းအားစုများ အချိန်ကိုက်အချိုးကျ ထည့်သွင်း အသုံးပြုခြင်းနှင့် ပိုးမွှား/ရောဂါ ကြိုတင်ကာကွယ်ခြင်းများ၊ အစိုဓာတ်လုံလောက်စွာ ရရှိရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ အချိန်မီရိတ်သိမ်းခြင်းများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးနည်း ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဉက္က ဦးမျိုးမင်းသိန်း(မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က)နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)