ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာရပ်ကွက်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း  စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ(၁၂)ရက်နေ့ ညနေ ၃နာရီခွဲက ပြည်တော်သာရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

အဆိုပါက အသိပညာပေးနှင့်သရုပ်ပြပွဲတွင်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က မိတ်ဆက်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ တက်ရောက်လာသည့်  ရပ်မိရပ်ဖများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မေးမြန်းမှုများကို၊ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ယင်းနောက် တက်ရောက်လာသည့် မဲဆန္ဒရှင် ပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ဆောင်ရွက်ကြပြီးနောက်၊  မြို့နယ်ရွေးကောက်ပွဲ  အရာရှိက Printer မှ ထွက်ရှိလာသည့် မဲစာရင်းဖြင့် ဆန္ဒပြုသူ အရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍  မဲရလာဒ် ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြသခဲ့သည်။ အဆိုပါ အသိပညာပေးနှင့် စမ်းသပ်မဲပေးပွဲသို့ ညောင်ဦးခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးနိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများ  စုစုပေါင်း(၁၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)