သတင်းများ

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ ပြုလုပ်
Sep 13,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ စက်တင်ဘာ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့ ရပ်တော်မူဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူ
Sep 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၁၃ ရက်က ရပ်တော်မူဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်မှူးဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊  ပြည်နယ်/ခရိုင်/ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက (ခ)ရပ်ကွက်၊ မြရတနာ(၁၀)လမ်း၊ လူထုဓမ္မာရုံ၌ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ကျင်းပ
Sep 13,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 13,2025
၂၀၂၅ခုနှစ်၊ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီက ပြည်မြို့ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ပုဇွန်တောင်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁၀)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း တေဇခန်းမတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်နိမိတ်အကြား မဲခေါင်မြစ်မူလရေနက်ကြောင်း သဲသောင်တူးဖော်ခြင်း စီမံကိန်း သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်နိမိတ် အမှတ် (၂)နှင့် အမှတ် (၇)အကြား မဲခေါင်မြစ်မူလရေနက်ကြောင်း သဲသောင်တူးဖော်ခြင်းစီမံကိန်းအတွက် သက်ဆိုင်သူများနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့က အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်
Sep 13,2025
မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ အခမ်းအနားသို့တက်ရောက်ခဲ့သော တနင်္သာရီတိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့က အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် “ဘွဲ့နှင်းသဘင်ခန်းမ” ၌ ကျင်းပခဲ့သည်။