သတင်းများ

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅-၂၀၂၆) ကျင်းပ
Sep 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာခန်းမ၌ ပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အရိပ်ရသစ်ပင်များဖြည့်ဆည်း စိုက်ပျိုးနေမှုနှင့် ပန်းခြံအတွင်း ပန်းအလှပင်များစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေး
Sep 13,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ  စက်တင်ဘာ ၁၂ ရက်နေ့ညနေပိုင်းက နေပြည်တော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်းနေရာများတွင် ၅ ဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေး အတွက် သစ်ပင်များစိုက်ပျိုးရန် လျာထားသတ်မှတ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်ပရဝုဏ်အတွင်း နှစ်ရှည်ပင်နှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဖျာပုံမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီး သန်းဦး ဦးဆောင်​သောတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၉)နာရီက ဖျာပုံပြည်သူ့ဆေးရုံကြီးဝန်း၊ သံဃာဆေးရုံတွင် ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ခြင်း၊ ရှင်းလင်းဟောပြောပွဲနှင့်ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ပွဲ ကျင်းပ
Sep 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ငါးဖယ်ထူ (မ)ကျေးရွာတွင် ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ခြင်းရှင်းလင်းဟောပြောခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သွားနှင့် ခံတွင်းဆေးရုံကြီး(နေပြည်တော်)တွင် မျက်စိဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေး
Sep 13,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့် ခံတွင်းဆေးရုံကြီး၌ မျက်စိအမြင်အာရုံ ချို့ယွင်းနေသူများအား အခမဲ့ ကုသပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီးတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ICT Project ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြခရိုင် (Community Centre) ခန်းမတွင် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Sep 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေး ဟော‌ပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်၊ စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ပြိုင်ပွဲများနှင့် နံရံကပ်၊ စာအုပ်စာ‌စောင်ပြပွဲများကို စက်တင်ဘာ  ၁၂ ရက်နေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။