သတင်းများ

ပေါက်ခေါင်းမြို့နယ်တွင် မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Sep 13,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာရှိ အခြေခံသမဝါယမ အသင်းသားတောင်သူများ၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးထားရှိမှုကို စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်လင်ခရိုင်(၅)မြို့နယ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ခရိုင်အားကစားကွင်း၌  14  ASEAN SCHOOL GAMES လူရွေးချယ်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် (၉) နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း မင်္ဂလာဒုံမြို့နယ်၌ ဆောင်ရွက်
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ ကုန်းတလပေါင်းကျေးရွာအုပ်စု၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ သတ်မှတ်စုရပ်နေရာများအသီးသီး၌ ဆောင်ရွက်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်ပေါင်းစုံဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်
Sep 13,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်ပေါင်းစုံဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြ သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုနှင့် ဘက်စုံပညာရည်ချွန်ဆုများ ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုနှင့် ဘက်စုံပညာရည်ချွန်ဆုများရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မေခခန်းမ၌ ကျင်းပသည်။
မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Sep 13,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် တိုင်းကျန်းမာ‌ရေးဦးစီးမှူး၏ လမ်းညွှန်ချက်အရ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကုန်းတလပေါင်း RHC ပင်မအပိုင် ရွှေစေတီလမ်းရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားသော သုခစာရီ သီလရှင်ကျောင်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ပိုးလောက်လမ်းကာကွယ်နှိမ်နင်းရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ် YNCU Campus Vibes 2025 အခမ်းအနား တက်ရောက်
Sep 13,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ “သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ်”ခေါင်းစဉ်ဖြင့် YNCU Campus Vibes 2025 အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်သည်။
လင်းခေး၌မြို့နယ်ပညာရေးမှူးဖလားအခြေခံကျောင်း ပေါင်းစုံ(U-13/U-15)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Sep 13,2025
မျိုးဆက်သစ် ထူးချွန်အားက စားသမားများမွေးထုတ်နိုင်ရန်၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကောင်းမွန်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်၊ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်၊Team Work/Group Work လုပ်ငန်းများတွင် အများနှင့်ဆက်သွယ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် မှုအားကောင်းလာစေရန်နှင့် ကောင်းမွန်သော နိုင်ငံကြီးသားပီသမှုစိတ်ဓာတ်(Good Citizenship)ရင့်သန်လာစေ ရန်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ(U-13/U15) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီး မြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။