ငါးလုပ်ငန်းသင်တန်းကျောင်း(သထုံ)၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်သင်တန်း ဖွင့်လှစ်

သထုံ မေ ၂၂

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို ယနေ့နံနက်က စတင်ဖွင့်လှစ်သည်။

သင်တန်းတွင် ဦးစွာ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးရဲလွင်သိန်းက သင်တန်းဖွင့်အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ပေးပြီး သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးဝင်း၊ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူတို့က ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)ဆိုင်ရာ သိကောင်းစရာနည်းပညာတို့ကို ဆွေးနွေးပို့ချပေးကြသည်။

အဆိုပါသင်တန်းကို မေလ ၂၂ ရက်နေ့မှစတင်ကာ သုံးရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူ (၂၅)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်