သတင်းများ

ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများသို့ အသိပေးပန်ကြားချက်အားလိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်
Aug 30,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများသို့အသိပေးပန်ကြားချက်အား ယမန်နေ့ ညနေ(၆)နာရီ အချိန်တွင် ရပ်ကွက်များအတွင်း လှည့်လည် ၍ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆိုင်ရာ မိတ်ဆက် အသိပေးခြင်း အခမ်းအနားပြုလုပ်
Aug 30,2020
ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထည့်သွင်း ထိုးနှံမည့် အစီအစဉ်အား မိတ်ဆက်အသိပေး ရှင်းလင်းပွဲ အခမ်းအနားတစ်ရပ် ယမန်နေ့နံနက်ပိုင်း က ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ငါးဖမ်းရာသီအတွင်း ပင်လယ်ငါးဖမ်း/ငါးသယ်ရေယာဉ်များ ကိုဗစ်-၁၉ ဆိုင်ရာညွှန်ကြားချက်များ လိုက်နာရေး ထပ်ဆင့်ရှင်းလင်းဆွေးနွေး
Aug 30,2020
လာမည့် ငါးဖမ်းရာသီအတွင်း ပင်လယ်ငါးဖမ်း/ငါးသယ်ရေယာဉ်များ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာညွှန်ကြားချက်များ ၊ ဒေသန္တရ အမိန့်များ၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညွန်ကြားချက်များ၊ ဆက်စပ်ဌာဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ထားသည့်အမိန့်ညွှန်ကြားချက်များနှင့် စည်းကမ်း ချက်များအား လိုက်နာနိုင်ရေးထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ၊ကမ်းနီးကုမ္ပဏီများဇုံ၊ ဓနအားမာန်ခန်းမ တွင်ပြုလုပ်သည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 30,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အီရတ်နိုင်ငံမှလာရောက်သည့် MV EZ FORTUNA သင်္ဘောပေါ်မှ သင်္ဘောသား(၆)ဦး နှင့် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV INCA QUEEN သင်္ဘောပေါ်မှ သင်္ဘောသား(၂၀)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
ကော့သောင်းမြို့သို့ပြည်ပမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများအားကြပ်မတ် ထိန်းချုပ်မှုများဆောင်ရွက်
Aug 30,2020
ကော့သောင်းခရိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးလုပ်ငန်းများသတိပြုကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းက ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ပြည်ပမှ တရားမဝင်ပြန်လည် ဝင်ရောက်လာသူများအား ရှာဖွေဖေါ်ထုတ်ကာ အသွားအလာကန့်သတ်စောင့်ကြည့်ထား ရှိကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြန်လည်မြင့်တင်နိုင်ရန် Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Aug 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-19 ကြောင့် ကျဆင်းလျက်ရှိသော စီးပွားရေးကို ပြန်လည်မြင့်တင်နိုင်ရန်ရည်ရွယ်၍ Covid-19 Relief Package 1 ခရီးသြား လုပ်ငန်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး community centre ခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ ကြောင်းသိရှိရသည်။
တနင်္သာရီမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် အိမ်သုံးမီတာခကြေး ငွေအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Aug 30,2020
တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့မှ ထောက်ပံ့သည့်အိမ်သုံးလျှပ်စစ်မီတာခကြေး ငွေများအား မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များ၊ မီတာသုံးစွဲနေသောကျေးရွာအချို့အား လျှပ်စစ်မီးဖြန်းဖြူး ပေးနေသည့် ဖိုးသီးချို(Ptc) လျှပ်စစ်မီးလင်းရေးကုမ္ပဏီမှ ဝန်ထမ်းများက အဖွဲ့-၄ဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက် လိုက်လံရှင်းပြကာ ငွေပေးအပ်ကြကြောင်း သိရှိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Aug 30,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်လုပ်ငန်းအရေးအသွေးစစ်ဆေးရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးကော်မတီ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။