ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများသို့ အသိပေးပန်ကြားချက်အားလိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်

ခိုလမ်  သြဂုတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများသို့အသိပေး ပန်ကြားချက်အား ယမန်နေ့ ညနေ(၆)နာရီ အချိန်တွင် ရပ်ကွက်များအတွင်း လှည့်လည်၍ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးအဆောင်၍  ခုတင် - ၁၀၀ပြည်သူ့ ဆေးရုံဆရာဝန်ကြီးဒေါက်တာလင်းထင်ကျော် ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်လူမှုကူညီရေးအသင်းများ ပူးပေါင်းပြီး ရပ်ကွက်များအတွင်းလှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့ အိမ်အတွင်း၌သာ နေထိုင်ကြရန် ၊ မလိုအပ်ဘဲအပြင်သို့ လုံးဝမထွက်ကြရန် ၊မဖြစ်မနေ ထွက်ရပါကလည်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှသွားလာကြရန်  ၊လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြရန် ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အများပြည်သူ အားလုံးပူးပေါင်း ပါဝင်ကြရန် စသည်တို့ကို လိုက်လံ အသိပေးနှိုးဆော် ခဲ့ကြကြောင်းသိရသည်။ 

ခင်လေးဝင်း ( ပြန် / ဆက် )