ကော့သောင်း သြဂုတ် ၃၀
လာမည့် ငါးဖမ်းရာသီအတွင်း ပင်လယ်ငါးဖမ်း/ငါးသယ်ရေယာဉ်များ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာညွှန်ကြားချက်များ ၊ ဒေသန္တရ အမိန့်များ၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညွန်ကြားချက်များ၊ ဆက်စပ်ဌာဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ထားသည့်အမိန့်ညွှန်ကြားချက်များနှင့် စည်းကမ်း ချက်များအား လိုက်နာနိုင်ရေးထပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ၊ ကမ်းနီးကုမ္ပဏီများဇုံ၊ ဓနအားမာန်ခန်းမ တွင်ပြုလုပ်သည်။
ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပင်လယ်ငါးဖမ်း/ ငါးသယ်ရေယာဉ် ပေါ်ရှိလုပ်သားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာနိုင်ရေး၊ ဒေသန္တရအမိန့်များ၊ ငါးလုပ်ငန်းဦးစီးဌာန၏ VMS ဆိုင်ရာ ညွန်ကြားချက်ပါစည်းကမ်းချက်များနှင့် ကမ်းဝေး ၊ကမ်းနီးငါး လုပ်ငန်းရေပြင်သတ်မှတ်မျဉ်းပြမြေပုံ GIS Coordinate point 80 ဆိုင်ရာစည်းကမ်းချက်များအားလိုက်နာသိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့၊ခရိုင်ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊လူဝန်မှုကြီးကြပ်ရေးဌာနခွဲ၊မြိုနယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊အကောက်ခွန်ဦးစီးဌာနတို့မှတာဝန်ရှိသူများက မိမိတို့၏သက်ဆိုင်ရာ ဌာနအလိုက်ထုတ်ပြန်ထားသည့် လိုက်နာရမည့် အမိန့်ညွှန်ကြားချက်များအား လာမည့်ငါးဖမ်း ရာသီအတွင်း ပင်လယ်ပြင်ငါးဖမ်း ထွက်ကြမည့် ရေယာဉ်ပိုင်ရှင်များ၊ရေလုပ်ငန်းကုမ္ပဏီများ၊ လှေပဲ့နင်းနှင့်ရေလုပ်သားများ အားအသီးသီးအသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)