သတင်းများ

ဖယ်ခုံမြို့နယ်၊ မိုးဗြဲဈေး၌ Covid-19 ရောဂါကြိုတင် ကာကွယ်ရေး ပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊မိုးဗြဲဈေး၌ Covid-19 ရောဂါဖြစ်ပွားမှု မရှိစေ ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလုံမြို့နယ်၌ သွေးလွန်တုပ်​ကွေးကြိုတင်ကာကွယ်​ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်း​ဆောင်ရွက်
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် ကျန်းမာဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ ​စော​နောက်ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းကို ဩဂုတ် ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် ဒါးပိန်ဘူတာလမ်းဆုံနှင့် ဒါးပိန်ဈေးနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့တပ်ဆင်ပေး
Sep 01,2020
လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် နှာခေါင်စည်း(Mask)များ အခမဲ့တပ်ဆင်ပေးဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက လူစည်ကားရာ နေရာဖြစ် သော ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဒါးပိန်ဘူတာ လမ်းဆုံနှင့် ဒါးပိန်စည်ပင် သာယာရေးဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်၌ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းဖြစ်စေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Sep 01,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံ မှန်ကန် သော မဲဆန္ဒရှင်စာရင်းဖြစ်စေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်း ဆွေးနွေး ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချ
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့် အရေးလိုင်စင်များ လေလံတင်ရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးရုံး၌ ကျင်းပသည်။
မင်းဘူးမြို့၌ ကြက်သွန်နီ ဈေးနှုန်းများကျဆင်းသဖြင့် ကြက်သွန်နီလှောင်ထားသောတောင်သူများ အရှုံးပေါ်
Sep 01,2020
မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး လက်ကားဈေး တစ်ပိဿာ ကျပ် ၄၀၀ သာရှိတော့သဖြင့် ကြက်သွန်နီဈေးတက်ဖို့ မျှော်လင့်ပြီး လှောင်ထားသော တောင်သူ များ အရှုံးပေါ်နေကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ကျေးသီးမြို့နယ်တွင် ဆရာဝန်များနှင့်အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် Mobile Tablet ဖြန့်ဝေပေး
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်တွင် ဆရာဝန်နှင့် အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အတွက် Mobile Tablet ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။