မွန်ပြည်နယ် ရေးမြို့နယ်၌ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းဖြစ်စေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ရေး   စက်တင်ဘာ    ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံ မှန်ကန် သော မဲဆန္ဒရှင်စာရင်းဖြစ်စေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို  ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးညီသွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဝါဝါချိုက ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်း ဖြစ်စေရေးဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ အတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် Covid-19 ရောဂါကြောင့် မဲရုံ (၁)ရုံတွင် မဲပေးသူဦးရေ (၁၀၀၀)ကျော်ပါက မဲရုံတာဝန်ကျဝန်ထမ်းများအား အဆိုင်းခွဲခြင်းနှင့် တိုးချဲ့မဲရုံ  တည်ဆောက်နိုင်ရေးအကြောင်းတို့ကို ဆွေးနွေး ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များမှ မိမိတို့၏ လုပ်ငန်း များ၊ လုပ်ဆောင်ချက်များကို တင်ပြကြပြီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)