လှည်းကူးမြို့နယ် ဒါးပိန်ဘူတာလမ်းဆုံနှင့် ဒါးပိန်ဈေးနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့တပ်ဆင်ပေး

လှည်းကူး စက်တင်ဘာ ၁

လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် နှာခေါင်စည်း(Mask)များ အခမဲ့တပ်ဆင် ပေးဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက လူစည်ကားရာ နေရာဖြစ်သော ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဒါးပိန်ဘူတာ လမ်းဆုံနှင့် ဒါးပိန်စည်ပင် သာယာရေးဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစီး(Mask)များ တပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒါးပိန်နယ် မြေရဲစခန်းက စခန်းမှူး ရဲအုပ်ကိုလတ် ဦးဆောင် ၍ တပ်ဖွဲ့ဝင်များက လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာ များဖြစ်သော ဒါးပိန်ဘူတာလမ်းဆုံနှင့် စည်ပင်သာယာရေး ဈေးရှေ့တွင် ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်၊ ဈေးသူ၊ ဈေးသားများနှင့် လမ်းသွားလမ်းလာများ အား နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကိုဗစ်-၁၉ ရောဂါသည် လူထူထပ်ရာနေရာများတွင် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမျိုးဖြစ်သဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာအရေးကြီး ကိစ္စများ ပေါ်ပေါက် လာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ သွားလာရန်၊ Hand Gel များဖြင့် လက်များကို မကြာခဏ ဆေးကြောသန့်စင်ရန် သတ်မှတ်ဦးရေထက် ပိုမိုစုဝေး ခြင်းမပြုရန် ပညာပေး နှိုးဆော် ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါကာကွယ် နှိမ်နှင်း ရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)