ကျေးသီးမြို့နယ်တွင် ဆရာဝန်များနှင့်အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် Mobile Tablet ဖြန့်ဝေပေး

 

ကျေးသီး   စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်တွင် ဆရာဝန်နှင့် အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အတွက်  Mobile Tablet ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ  (၃)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖြန့် ဝေပေးသည့် Mobile Tablet များနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရ မည့်အချက်များ၊ကျန်းမာရေးဝန်ထမ်းများ၏အရည်အသွေးနှင့်လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရန်၊ပြည်သူများ၏ ကျန်းမာ ရေး အသိပညာ မြင့်မားတိုးတက်လာစေရန်နှင့်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင် မြင်စေရန် ရည်ရွယ် ကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး Mobile Tabet ( ၃၇) ခု အား သက်ဆိုင်ရာ မြို့နယ်ဆရာဝန်၊တိုက်နယ် ဆရာဝန် များနှင့်အခြေခံကျန်းမာရေးဝန် ထမ်းများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သဲစုပိုင် (ပြန်/ဆက်)