မင်းဘူးမြို့၌ ကြက်သွန်နီ ဈေးနှုန်းများကျဆင်းသဖြင့် ကြက်သွန်နီလှောင်ထားသောတောင်သူများ အရှုံးပေါ်

မင်းဘူး  စက်တင်ဘာ  ၁

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး လက်ကားဈေး တစ်ပိ ဿာ ကျပ် ၄၀၀ သာရှိတော့သဖြင့် ကြက်သွန်နီဈေးတက်ဖို့ မျှော်လင့်ပြီး လှောင်ထားသော တောင်သူ များ အရှုံးပေါ်နေကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။

"ကိုဗစ်-၁၉ ရောဂါကင်းစင်သွားပြီး ကြက်သွန်နီ ပြည်ပ ဈေးကွက်က ဝယ်ပါစေလို့ ဆုတောင်း ပါ တယ်ဗျာ။ အရင်က တစ်ပိဿာ ကျပ် ၁၂၀၀/၁၃၀၀ ဝန်းကျင်ရှိပေမဲ့ ယခု ကြက်သွန်နီဈေး အဆမ တန်ကျ သွားတော့ တောင်သူနဲ့ ကြက်သွန်နီ လှောင်ထားသူအားလုံး အရှုံးပေါ်တာပေါ့ဗျာ '' ဟု ကြက်သွန်နီ အဝယ်တော် ဦးထွန်းကပြောသည်။ လက်ရှိ ကြက်သွန်နီ ဈေးကွက်မှာ တောင်သူတွေထဲက ငွေပေါ်လိုသူ တောင်သူများသာ လက်လီထုတ်ရောင်းကြပြီး ဖုန်းဖြင့်မှာ ပါက အိမ်တိုင်ရာရောက် ပို့ပေး နေရကြောင်း သိရ သည်။

" ကျွန်တော်တို့ မင်းဘူးမြို့ ကြက်သွန်နီ ဈေးကွက်မှာ လက်လီတစ်ပိဿာ ကျပ် ၅၀၀ နဲ့ လက်ကားတစ် ပိဿာ ကျပ် ၄၀၀ သာရောင်းရပါတယ်။ နှစ်ဆန်းပိုင်း ကြက်သွန်နီ ပေါ်စအချိန်က ကျပ် ၁၇၀၀/၁၈၀၀ ဈေး အထိရှိခဲ့ပေမဲ့ ယခု ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများလည်း လှိုင်လှိုင်မရှိတော့သလို ဈေးကွက်အ တွင်း ဝယ်လိုအား သိသာစွာ ကျဆင်းနေသည့်အတွက် ပုံမှန်ဈေးအောက် ရောက်နေသည့် ပမာဏထက် များစွာလျော့နည်းနေပြီး ကြက်သွန်နီ ဈေးနှုန်းများ အဆမတန် ကျဆင်းနေတာ ဖြစ်ပါ တယ် '' ဟု ပွဲရုံလုပ်ငန်းရှင် ဦးသာပေါက ပြောသည်။

ဇေယျာထက်(မင်းဘူး)