ဒိုက်ဦးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ
Sep 01,2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ဒိုက်ဦးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်စာရင်းများ ကို မြို့နယ်ကော်မရှင်ရုံးနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။