သတင်းများ

ပုလောမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ထားရှိရောင်းချနေမှု စစ်ဆေး
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိကို သက်ဆိုင်ရာတာ၀န်ရှိသူများက ယမန်နေ့နံနက် (၈) နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Sep 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိရာ အမှတ်(၅၅) ရပ်ကွက် လျှပ်စစ်ဓါတ်အားရရှိမှုအား နည်းသည့်အတွက်အခက်ခဲဖြစ်​နေမှု့နှင့် အမှတ်(၁၀၅) ရပ်ကွက်​လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်း​ထောင့် Box Culvert​ ဆောက်လုပ်ရန်​ မြေသား လုပ်ငန်း​ ဆောင်ရွက်​နေမှု ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီအချိန်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်တရားမြို့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အတွက် ကော်မတီဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 01,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နောင်တရားမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို စက်တင်ဘာလ ၁ ရက် နံနက် ၇ နာရီက ဗိုလ်ချုပ်လမ်း တစ်လျှောက်နှင့် မြို့မစျေးကြီးအတွင်း၌ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအဖွဲ့မှ မဲရုံအဖြစ် ထားရှိမည့်‌ အခြေခံပညာကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ မဲရုံအဖြစ် ဆောင်ရွက် မည့် အခြေခံပညာ စာသင်ကျောင်းများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်မဲဆန္ဒရှင်ပြည့်စုံမှန်ကန် ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် နေအိမ်ပြင်ပထွက်သူတိုင်း Mask များ မဖြစ်မနေ တပ်ဆင်မှုရှိစေရေး နေ့စဉ်စစ်ဆေးလျက်ရှိ
Sep 01,2020
‌ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားလာမှုရှိစေရေး အတွက် စစ်ဆေးမှုများကို ဩဂုတ် ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်အောက်ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီက ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးကြောင်း သိရသည်။
ပင်လည်ဘူးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လုပ်ငန်းများနှင့် မှုခင်းလျော့နည်းကျဆင်းရေး လှည့်ကင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများနှင့် မှုခင်းလျော့နည်းကျဆင်းရေး လှည့်ကင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်အားကစားခန်းမရှေ့၊ ပင်လည်ဘူး-‌ဖောင်းပြင်သွားကားလမ်း အင်ကုန်းတံထားထိပ်နှင့်