သတင်းများ

အိမ်မဲမြို့နယ် ကျောင်းစုကျေးရွာတွင် လျှပ်စစ်လမ်းမီးစတင်ရရှိ
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျွဲလမ်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကစတင်ပြီး လျှပ်စစ်မီး လမ်းမီး စတင်ရရှိကြောင်း သိရသည်။
ဘောလခဲမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံငွေများပေးအပ်
Sep 01,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကိုကိုးကျွန်းမြို့နယ် အတွင်းရှိ ဘိုးဘွား(၄၀)ဦးအား ကိုယ်အလေးချိန်စစ်ဆေးပေးခြင်း၊ ဆံသ ခေါင်းညှပ်ပေးခြင်း၊ သွေးပေါင် တိုင်းပေးခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခြေသည်း လက်သည်းများ ညှပ်ပေးခြင်း၊ ဆေးထိုး ဆေးတိုက်များ ဆောင်ရွက်ပေးခြင်းနှင့် အထွေထွေ ရောဂါများကို စမ်းသပ်ကုသပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများနှင့် အော်ဒါမင်းဂျီဆေးများကို ဘိုးဘွားများအား ပေးအပ်ခဲ့ကြောင်း သိရသည်၊၊
အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်းများတပ်ဆင်သွားလာမှုမရှိသူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် အသိပညာပေး
Sep 01,2020
အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာမှုမရှိသူများကို ယခုဝယ်ယခုတပ်စနစ်ဖြင့် အသိပညာပေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာမြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြသည်။
ချောက်မြို့တွင် ကိုယ်၀န်‌‌ဆောင်များငွေကြေးထောက်ပံ့မှုများကို  ငွေဗိုက်အစီအစဉ်ဖြင့် မှတ်ပုံတင် လျှောက်ထားနိုင်စေရန် ရပ်ကွက်များအတွင်း လှည့်လည်၍ အသိပေး နှိုးဆော်ခြင်းများ‌ ဆောင်ရွက်
Sep 01,2020
မကွေးတိုင်းဒေသကြီး၊‌ ချောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှကိုယ်၀န်‌ဆောင်များ ငွေကြေးထောက်ပံ့မှုများကို ငွေဗိုက်အစီအစဉ်ဖြင့် မှတ်ပုံတင်လျှောက်ထားနိုင်စေရန် ရပ်ကွက်များ အတွင်း လှည့်လည်၍ Hand Speaker ဖြင့်အသိပေး‌ နှိုး‌ဆော်ခြင်းများ‌ကို ယမန်‌နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
စားသုံးသူ ကာကွယ်ပေးရေးနှင့်ပတ်သက်ပြီး တိုင်းကြားမှုများတွင် Online မှတစ်ဆင့် တိုင်ကြားမှုသည် အများဆုံးဖြစ်
Sep 01,2020
စားသုံးသူ ကာကွယ်ပေးရေးနှင့်ပတ်သက်ပြီး တိုင်းကြားမှုများတွင် Online မှတစ်ဆင့် တိုင်ကြားမှုသည် အများဆုံးဖြစ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မော်လမြိုင်ကျွန်း မြို့နယ်၌ စော်ကဲမြစ်ကူး တံတားကြီး ၉၆ ရာခိုင်နှုန်းပြီးစီး
Sep 01,2020
မော်လမြိုင်ကျွန်းမြို့နယ်မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက်နိုင်တော့မည် စော်ကဲ မြစ်ကူး တံတားသစ်တစ်စင်း ဆောက်လုပ်လျက်ရှိသည်မှာ ယနေ့အချိန်တွင် ၉၆ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။