မင်းတုန်း စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက် ယာယီဈေးတွင် COVID-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် Mask Campaign ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း(၁)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့မကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ယခုဖြစ် ပေါ်နေသော ကိုဗစ်-၁၉ သည် လျင်မြန်စွာ ကူးစက်နိုင်၍ မိမိနေအိမ်ပြင်ပ ထွက်တိုင်း Mask တပ်ဆင်ကြရန်၊ လက်ကိုမကြာ ခဏဆေးကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပ ထွက်ခွာသွားလာခြင်း မပြုကြရန် အတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ကျန်းမာရေး အသိပညာ ပေးခဲ့ကြပြီး လူတစ်ဦးလျှင် Mask တစ်ခုနှုန်းဖြင့် Mask ၆၀၀ အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ချင်းကလေး(NRDC)