စုကလိမြို့တွင် စာဖတ်ဝိုင်းပြုလုပ်

စုကလိ၊ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဩဂုတ်လ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြရေးသားထားသော ဆောင်းပါးရှင်ဒေါက်တာဇင်မာကျော်(သတင်းအတတ်ပညာ) ၏ ကိုရိုနာဗိုင်းရပ်စ်ပိုးထက်ပျံ့နှံ့နှုန်းမြန်သည့် သတင်းအမှားဗိုင်းရပ်စ်ဆောင်းပါးဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်သည်။

ရှေးဦးစွာ စုကလိမြို့ ပြန်/ဆက်ဦးစီးမှူး ဦးဇော်နိုင်လင်းက ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ဝန်ထမ်းများမှ ဆောင်းပါးတွင်ပါရှိသောစာပိုဒ်များကို အသီးသီးဖတ်ကြားဆွေးနွေးကြသည်။

ဆက်လက်၍ စုကလိမြို့ပြန်/ဆက်ဦးစီးမှူးက ဆောင်းပါးတွင်ပါရှိသောအချက်အလက်များကို ပြန်လည်သုံးသပ်ဆွေးနွေးသည်။

ထိုသို့ရုံးတွင်း စာဖတ်ဝိုင်းများပြုလုပ်ရခြင်းသည် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ  တိကျသောသတင်းအချက်အလက်များအား ပြည်သူများပိုမိုသိရှိနိုင်ရန်နှင့် ဝန်ထမ်းများစာဖတ်စွမ်းရည်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)