ခမောက်ကြီးမြို့တွင် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းပါဝင်သော်လည်း မှတ်ပုံတင်မရှိသေးသောပြည်သူများအား မှတ်ပုံတင်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး

ခမောက်ကြီး၊ စက်တင်ဘာ ၈

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်းခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းပါဝင်သော်လည်း မှတ်ပုံတင်မရှိသေးသောပြည်သူများအား  မှတ်ပုံတင်ရရှိရေးအတွက် ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများက ခမောက်ကြီးမြို့အတွင်းရှိ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်တွင်ရှိသော အသက် (၁၈) နှစ်ပြည့်ပြီးသူများထဲမှ မှတ်ပုံတင်မရှိသူများ၊ အသက် (၁၈) နှစ်ပြည့် လဲလှယ်မည့်သူများ၊ မှတ်ပုံတင်ပျက်စီးသူများအားသတ်မှတ်ချက်နှင့်ပြည့်စုံပါက သေချာစွာစိစစ်၍ ဆောင်ရွက်ပေးကြပြီး ခမောက်ကြီးမြို့မှတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

နန်းဝင်းဌေး(ခမောက်ကြီး ပြန်/ဆက်)