ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်ကာလတွင် ယာယီပိတ်သိမ်းထား‌သော လ္ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် ကွင်းဆင်းစစ်ဆေး

ကျောက်မြောင်း စက်တင်ဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် မြို့စည်ပင်သာယာ‌ရေးအဖွဲ့မှ ယာယီပိတ်သိမ်းထားသော လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော လမ်းညွှန်ချပ်များနှင့်အညီ ပြန်လည် ဖွင့်လှစ် ခွင့်ပြုနိုင်ရေးအတွက်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို   ယမန်နေ့ ညနေ ၄ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခြင်းကို ကျောက်မြောင်းမြို့မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်၊ မြို့စည်ပင် သာယာရေးအမှုဆောင် အရာရှိ ဦးသန့်သူအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့အဆင့် တာဝန်ရှိ ဌာနဆိုင်ရာအကြီး အကဲတို့မှ ပူးပေါင်း၍  ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး  ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ရောင်းချမည့် အရောင်း ဆိုင်များ အား အသိပညာပေး ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇင်ပိုင်မှူး (ကျောက်မြောင်း)