ဟင်္သာတ ၊ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော် က ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွား နေမူများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များ၊ မိမိတို့မြို့ရွာတွင် မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဌာနဆိုင်ရာများ၊ မြို့လူထုများ၊ လူမူရေး အသင်းအဖွဲများက စုပေါင်းလုပ်ဆောင်ရန်တို့ကို ညှိနိူင်းဆွေးနွေးပြီး ဒေါက်တာ ညီညီလွင်မှ Quarantine Centre များဖွင့်လှစ်ထားရှိမူများနှင့် လိုအပ်ပါက ထပ်မံဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးကာ တက်ရောက် လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုရေး အသင်းအဖွဲ့များက လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)