ပင်လောင်းမြို့၌အသက်တစ်နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ် ဆေး များထိုးနှံပေးခြင်း နှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်

 

ပင်လောင်း     စက်တင်ဘာ    ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိအသက် နှစ်လမှ တစ်နှစ်ခွဲ အောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင်များကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခဲ့ သည်။

အသက်နှစ်လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအားပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေး ရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးရောဂါများအား ပုံမှန် ကာကွယ် ဆေး များထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနနှင့်  တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများရှိစုစုရပ်အသီးသီးတွင် ထိုးနှံပေးလျက် ရှိပြီး ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်)