ကျောက်ဆည်၊ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းပြီး လူစည်ကားသည့်စျေးများ လမ်းဆုံလမ်းခွများနှင့် မြို့အဝင်နေရာများတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်စိုးလွင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်းမျာက ကျောက်ဆည်မြို့လယ် မီးပွိုင့် ရန်ကုန်-မန္တလေးကားလမ်းတွင်လည်း နှာခေါင်းစည်း Mask များ အခမဲ့ပေးဝေခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးခြင်းများ ပြုလုပ်ခဲ့ကြေင်း သိရှိရသည်။
ယခုအချိန်က ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာတာကြောင့် ခရီးသွားပြည်သူတွေ ရောဂါကူးစက်မှုမရှိစေရေးအတွက် Mask များ အခမပေးဝေခြင်းဖြစ်ကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကိုယ်တိုင်သိရှိလိုက်နာပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းကျဆင်းရေးအတွက် ယာဉ်စည်းလမ်းစည်းကမ်းများအကြောင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး ပညာပေးလက်ကမ်းစာစောင်များဝေပေးရခြင်းဖြစ်ကြောင်း ဒုရဲမှူးကျော်စိုးလွင်က ရှင်းလင်းပြောပြသည်။
ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများအနေဖြင့် အရည်အသွေးရှိသော ဆိုင်ကယ်ဦးထုပ်များကိုသာဆောင်းပြီး မေးသိုင်ကြိုးများလည်းတပ်ဆင်စေခြင်း၊ ရှေ့နောက်မီးများကို မော်တော်ယာဉ်ဥပဒေပါပြဌာန်းချက်များနှင့်အညီ နေ့ညမီးများဖွင့်မောင်းကြရန်၊ မော်ဒယ်နိမ့်ပြီး မီးအားမကောင်းသော ဆိုင်ကယ်များအနေဖြင့်လည်း ဥပဒေပါအတိုင်း မီးများသေချာစွာဖွင့်မောင်းကြရန်နှင့် မီးလင်းအားကောင်းသည့် အပိုမီးလုံးများတပ်ဆင်မမောင်းနှင်စေရေး၊ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်အပြင်မထွက်ကြစေရေး စသည့်ပညာပေးခြင်းများပြုလုပ်ခဲ့ပြီး နှာခေါင်းစည်း Mask များပေးဝေခဲ့ကာ စနစ်တကျအသုံးပြု၍ စနစ် တကျစွန့်ပစ်စေရေး ပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)