ရပ်စောက် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်(၈)ရပ်ကွက် အတွင်းရှိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီ အချိန် က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးရာတွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ် များကို အသက် အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ)၊ဦးနှောက် အမြှေးရောင်၊(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ် ရောင်(ပီစီဗီ)၊ဝက်သက်၊ ပိုလီ ယိုကာကွယ် ဆေးများကို ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ဆုံဆို့၊မေးခိုင်၊ ပိုလီယို ကာကွယ် ဆေး(အိုင်ပီဗွီ)စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်း စည်း(MASK)များ တပ်ဆင်စေရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)