သတင်းများ

မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 29,2025
မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃)တွင်ကျင်းပခဲ့သည်။
မိုင်းခတ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေး
Aug 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိ‌သော မြစိမ်းရောင်ကျေးရွာစီမံကိန်း မွေးမြူရေးလုပ်ငန်းဖြစ်သည့် နွားမွေးမြူရေး လုပ်ငန်းအခြေအနေကို ယနေ့နံနက်ပိုင်းက‌ နောင်လုံးကျေးရွာအုပ်စု၊ ဝမ်ပီဝမ်မိုင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 29,2025
ကရင်ပြည်နယ် ဘားအံခရိုင်  လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန် အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ် မဲပေးခြင်းတို့ကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကွင်းဆင်း ဆောင်ရွက်သည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဩဂုတ်လ ၂၇ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေပေးဝေနေမှု၊ သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် သံရွာပြည်သူ့ဆေးရုံသို့  ကွင်းဆင်းစစ်ဆေး
Aug 29,2025
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ဩဂုတ်၂၈ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေပေးဝေနေမှု၊ သံရွာပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် သံရွာပြည်သူ့ဆေးရုံသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်သည်။
နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေပေး
Aug 29,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့်  မြို့မဈေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်‌နေ့နံနက် (၉) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Aug 29,2025
ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ (၂၈) ရက်၊ မွန်းလွဲ (၁) နာရီခွဲက အမှတ် (၇၁) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်   မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
Aug 29,2025
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ရန်ကုန်မြို့တွင်ကျင်းပသည့် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် တိုင်းဒေသကြီးအတွင်းမှ လူငယ်ကိုယ်စားလှယ်များအား ဩဂုတ်၂၈ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံ သည်။