ကန့်ဘလူ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ စေတီများ၊ ဆေးရုံများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို အပတ်စဥ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်ဝန်းအတွင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကန့်ဘလူခရိူင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးတို့နှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက စေတီတော်ဝန်းအတွင်းရှိ အမှိုက်နှင့်ခြုံနွယ်များရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စေတီတော်သာသနာ့ဗိမာန်တော်ရှေ့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကောက်ညှင်းပေါင်းနှင့်အကြော် ကျွေးမွေးပြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သားလျှင် ငွေကျပ် (၃၉၀၀)နှုန်းဖြင့် ဆီပိဿာ (၅၄၀) ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)