မြို့သစ်မြို့နယ်ရှိ ရေလှောင်တမံများမှ ယခုနှစ် နွေစပါးလျာထားဧက ၃၉၇၅ကျော် စိုက်ပျိုးရေများ ပေးဝေလျက်ရှိ
Feb 25,2020
ပြီးခဲ့သည့်နှစ် မိုးရာသီကာလက မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အတွင်းရှိ စွန်ရေလှောင်တမံ၊ ဆဒ္ဒန်ရေလှောင်တမံ၊ ပုလင်းရေလှောင် တမံ၊ ဘုတ်ချောင်း ရေလှောင်တမံနှင့် နတ်မောက်မြို့ရှိ နတ်မောက်ရေလှောင်တမံတို့တွင် ရေဝင်ရောက်မှု နည်းပါးခဲ့သော်လည်း မြို့သစ်မြို့နယ် အတွင်းမှ နွေစပါး လျာထား ဧက ၃၉၇၅ ကျော်သို့ စိုက်ပျိုးရေများ ပေးဝေနေပြီဖြစ်ကြောင်း မြို့သစ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။